Print

သဘာဝ နည်းလမ်းတွေနဲ့ အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းမယ်

  25-Feb-2017
Preview Image

- မျက်နှာမသစ်ခင် နာရီဝက်အလိုမှာ သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စီကို ရောပြီးလိမ်းပေးပါ။

 

- မိတ်ကပ်လိမ်းပြီး မိတ်ကပ်တွေ ကွက်မနေစေချင်ရင်တော့ သခွားရည် အနည်းငယ်ကို မျက်နှာရဲ့ အရမ်းအဆီပြန်တဲ့နေရာမှာ လိမ်းပေးပါ။ သခွားရည် သေချာခြောက်သွေ့ သွားမှ မိတ်ကပ်ထပ်လိမ်းပါ။

 

- အရမ်းအဆီပြန်တဲ့သူတွေကတော့ ရွှံ့စေးမှုန့်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ရောမွှေပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို သုံးကြိမ် လုပ်ပေးပါ။ ဒီနည်းကတော့ အရမ်းအဆီပြန်တဲ့သူတွေ အတွက်ပါပဲ။

 

- သံပရာရည်နှင့်ရေကို ဆတူရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွေ့တဲ့အခါ မျက်နှာသစ်ပါ။ ပြီးတော့ရေအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။

 

အာဟာရအကြံပြုချက်
- အသားဓာတ်ပါတဲ့ အစားအစာတွေကိုစားပါ။ (အသား၊ ငါး၊ ပဲ)

- လတ်ဆတ်တဲ့ အသီးအရွက်တွေကို များများစားပေးပါ။

- သကြား၊ ဆားကို လျှော့စားပါ။

- ဗီတာမင် B2 ချို့တဲ့ရင်လည်း အဆီပြန်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B2 ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့ Royal Jelly စားသုံးပေးပါ။ တဆေး (Yeast)၊ ဂျုံနဲ့ ကလီစာတွေမှာလည်း ဗီတာမင် B2 နဲ့ B5 ကြွယ်ဝစွာ ပါဝင်ပါတယ်။

- အသားအရေမှာ ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနို င်ဖို့ ရေကိုလည်း များများသောက်ပါ။

- အရက်၊ အချိုရည်၊ ချောကလက်နဲ့ အသင့်စား အစားအစာတွေကို ရှောင်ပါ။

- အဆီလျှော့စားပါ။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ကြာနေတဲ့ စားစရာတွေ၊ တိရိစ္ဆာန်အဆီတွေနဲ့ ဝက်သားရှောင်ပါ။ ကြော်ချက်ရာမှာ ဟင်းသီးဟင်းရွက်ဆီကို သုံးပါ။ သံလွင်ဆီကတော့ အကောင်းဆုံးပါပဲ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Myanmarskylink.com
Health for all magazine, No.99. April 2015, Pg.32


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18